29.6 C
Yangon

အကြမ်းဖက် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်

Must read

အကြမ်းဖက် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်

ရန်ကုန်| မတ် ၂၄

အကြမ်းဖက် စစ်ကောင်စီကခန့်အပ်ထားသော ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်းသည် ယနေ့ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရှိရသည်။

ရခိုင်ပြည် စစ်ကောင်စီ သယံဇာတဝန်ကြီး ဦးသန်းထွန်း (ခေါ်) ဦးကျားချေ ယနေ့ နံနက် ၇ နာရီကျော်အချိန်က စစ်တွေပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီကျော်က စစ်တွေရှိ ၎င်း၏ နေအိမ်တွင် နှလုံးအမောဖောက်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသရာ ရုတ်တရက်ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဦးသန်းထွန်းသည် ရခိုင်လူမျိုးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ခန့်ရှိကာ စစ်တွေမြို့တွင်နေထိုင်ခဲ့ကြောင်း ၊ မကွယ်လွန်မီအချိန်အထိ ၂၀၂၁ ခုနှစ် အာဏာသိမ်းသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်၍ ရခိုင်ပြည်စစ်ကောင်စီ အဖွဲ့တွင် ရခိုင်သယံဇာတဝန်ကြီး တာဝန်အား ထမ်းဆောင်ခဲ့ကြောင်း၊ ယခင်က စစ်တွေမြို့အတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် သာရေးနာရေးအသင်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကာ တက်ကြွလှုပ်ရှားသူ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article