30 C
Yangon

ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံး

Must read

ရန်အောင်မြင်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၂၅

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိပြီး တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်တပ်စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

မောင်တောမြို့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ ၁ လ နီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း၊ ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် ၂ ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းကို အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစုကြောင်း သိရှိရသည်။

မောင်တော ကြိမ်ချောင်း စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊ စစ်သားအလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မောင်တောမြို့ ၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်က စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော စစ်တပ်စစ်ကြောင်းကို မတ်လ ၂၀ ရက်နေ့မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း ၊ ဘူးသီးတောင်မြိုနယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ ၃၀၀ ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းထဲမှ စစ်သား ၁၂ ဦးကို သုတ် သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ အလားတူ အခြား စစ်သား ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထွက်ပြေးနေသော စစ်သားများကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရခိုင်ပြည် #ဘူးသီးတောင် #မောင်တော

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article