30.5 C
Yangon

NLD အစိုးရလက်ထက် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ၎င်း၏ စွမ်းဆောင်မှုကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာပြီဟု မင်းအောင်လှိုင် ပြောဆို

Must read

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဟုဆိုပြန်

ရန်ကုန်၊ မတ် ၂၅

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ကျဆင်းခဲ့ရသော်လည်း အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ စွမ်းဆောင်မှုကြောင့် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့လာနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“ကိုဗစ်ရောဂါကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျနော်တို့ စီးပွားရေး ပြန်လည် နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျနော်တို့ စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျနော်တို့ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၀၂၂-၂၀၂၃ တောက်လျှောက်ကို စီးပွားရေး ပြန်လည် ဦးမော့လာတဲ့အခြေအနေတော့ ကျနော်တို့ ရရှိခဲ့ပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“ကျနော်တို့ အဓိက ထား လုပ်ရမှာ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံးကျနော်တို့ လုပ်ပါမယ်။ ပြည့်စုံလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်းမဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျနော်တို့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာကို ကျနော်ပြောလိုပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့ရခြင်းမှာလည်း မဲမသမာမှုများကြောင့် ဟုဆိုကာ ရုရှားမီဒီယာနှင့်တွေ့ဆုံစဉ် အကြမ်းဖက်မင်းအောင်လှိုင်က ထပ်မံ၍ လိမ်လည် ပြောဆိုသွားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #NLD အစိုးရလက်ထက် #အကြမ်းဖက်မင်းအောင်လှိုင် #တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article