30.5 C
Yangon

ဘီးလင်းမြို့နယ်၊ မင်းစောရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနှင့် နေအိမ် အများအပြား ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း KNU-ဗဟို က ထုတ်ပြန်ထားသည်။

မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဘီးလင်းမြို့နယ်၊ မင်းစောရွာကို ဂျက်ဖိုက်တာဖြင့် ည ၁၀ နာရီ ၂၀ မိနစ်မှ ၃၉ မိနစ်အထိ ၃ ကြိမ် ပစ်ခတ် ဗုံးကျဲခဲ့သောကြောင့် မင်းစောကျေးရွာရှိ ကော်သူးလေ အလယ်တန်း စာသင်ကျောင်းဆောင် ၃ လုံး၊ သာသနာ့အဆောက်အဦး ၂ လုံး၊ နေအိမ် ၁၁ လုံးနှင့် နှမ်းဆီကျိတ် စက်ရုံငယ် ၁ လုံး ထိခိုက် ပျက်စီးကာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မင်းစောရွာအတွင်းရှိ ဘုန်းကြီးကျောင်းဆောင် ၁ လုံးနှင့် ဓမ္မရုံ ၁ လုံး၊ မင်းစောရွာကျေးရွာသာ မောင်ဝဏ္ဏ နေအိမ်၊ တီးညွှန့်ဝင်း နေအိမ်၊ မောင်နိုင်ဦး နေအိမ်၊ နော်ကမူ နေအိမ်၊ မောင်ကျော်ကိ နေအိမ်၊ တီးကွယ်လယ်ဘော နေအိမ်၊ နော်အဲ့ခူးသူ့ နေအိမ်၊ မောင်ဝင်းကြည် နေအိမ်၊ ကျောဘော်ကြူး နေအိမ်၊ ဖီးနော့ထော်မိုး နေအိမ်နှင့် နှမ်းဆီကျိတ် စက်ရုံငယ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မင်းစောရွာသား အသက် ၅၆ နှစ် အရွယ် ရှိ တီးကယ်၏ ညာဘက်လက် ရှပ်ထိ ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မင်းရွာအတွင်း ဗုံးသီး အကြီး ၅ လုံး၊ ဗုံးသီး အသေး ၇ လုံး စုစုပေါင်း ၁၂ လုံး ကျဲချခဲ့ပြီး ကျောင်းဝင်းအတွင်း ၃ လုံး ကျရောက်ပေါက်ကွဲကာ ကျေးရွာအတွင်း ၉ လုံး ကျရောက် ပေါက် ကွဲခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဂျက်လေယာဥ်ဖြင့် မတ်လ ၂၃ ရက်နေ့ မတိုင်ခင်ကပင် မကြာခဏ ပျံဝဲပြီးနောက် မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းများမရှိဘဲ ရည်ရွယ်ချက် ရှိရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မင်းစောကျေးရွာ အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် မင်းစောရွာမှ ပြည်သူများသည် ကျေးရွာ အတွင်း မနေရဲတော့ဘဲ ကြောက်ရွှံ့ထိတ်လန့်မှုများရှိနေကာ တစ်ရွာလုံး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဘီးလင်းမြို့နယ် #မင်းစောရွာ #လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက် #KNU-ဗဟို

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article