29.6 C
Yangon

နာဂဒေသ၊ လဟယ်မြို့နယ်တွင် စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထိရောက်စွာအရေးယူမည်ဟု သတိပေး

Must read

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ နာဂဒေသ၊ လဟယ်မြို့နယ်တွင် အကြမ်း ဖက် စစ်တပ်က အဓမ္မ တပ်သားသစ် စုဆောင်းနေမှုကို ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်ပုဂ္ဂိုလ်မဆို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို စစ်မှုထမ်းရန် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် လ၀ကဌာနတို့ကို သတ်မှတ်ထားသည့် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်ထားကာ ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲသာမရှောင်သာ စတင်ပြီး အကောင်ထည်ဖော်နေသည်ကို သိရှိရကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ်သား စုဆောင်းစေခြင်းကို လက်မခံကြောင်း၊ အုပ်ချုပ်ရေးမှူးတစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဌာနအသီးသီးတို့ကို စစ်ရေးပစ်မှတ်ချက်အဖြစ် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ သတိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #နာဂဒေသ #အဓမ္မတပ်သားသစ်စုဆောင်း #နာဂဒေသ၊လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article