25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၅ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ မံစီမြိုနယ်၊ မိုင်းခေါင်ရွာသစ်စခန်းက ခလရ ၁၂၁ မှ ဗိုလ်မှူး သန့်ဇင်ကိုကို ဦးစီးတဲ့ အင်အား ၅၀ ပါစစ်ကြောင်းဟာ KIA ဦးစီးတဲ့ တော်လှန်ရေးတပ်ဖွဲတွေ စခန်းအနီး ချဉ်းကပ်လာချိန်မှာ ထွက်ပြေးသွားတယ်လို သိရပါတယ်။
  • စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံရဲ့ မြိုနယ် ပေါင်း ၁၇၂ မြိုနယ်မှာ စတင်ပြီး အတင်းအကျပ် စစ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို Data For Myanmar အဖွဲ က ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရသိရှိရပါတယ်။
  • ကရင်ပြည်နယ် ဖာပွန်မြိုတောင်ဘက်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဗျူဟာအခြေချ စဗခ(၁)ရတခ လက်အောက်ခံတပ်ရင်းစခန်းတွေအားလုံး တည်ရှိရာ ကူးလူးသွားလာရာလမ်းတွေကို KNU တပ်မဟာ ၅ နဲ့ တော်လှန်ရေးတပ်တွေအားလုံးက ဝိုင်းဝန်း ပိတ်ဆိုဖြတ်တောက်ထားတယ်လို KNU တပ်မဟာ ၅ က ကြေညာလိုက်ပါတယ်။
  • မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်ပြီး စစ်ထဲသွင်းနေတဲ့ အုပ်ချုပ်ရေးမှူး စံလွင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article