30.5 C
Yangon

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်သည် မြင်းခြံဘက်သို့ စစ် ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုမတ်လ ဒုတိယအပတ်တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် မြင်းခြံ-မြို့သာ ကားလမ်းတွင် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး ဒဏ်ရာရရှိကြောင်း၊ ရရှိသော ဒဏ်ရာဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ခဲ့သော် လည်း ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“မြင်းခြံဘက်ကို စစ်ကြောင်းထွက်တုန်းမှာ မိုင်းမိတယ်။ မန္တလေး ဆေးရုံပြန်ပို့ပေမယ့် ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးသွားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် သေဆုံးချိန်တွင် အသက် ၅၃ နှစ်ရှိနေပြီဖြစ်ပြီး သားသမီး ၂ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မန္တလေးတိုင်းရဲတပ်ဖွဲ့ #မိုင်းဆွဲခံရပြီး သေဆုံး #ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article