25 C
Yangon

ရေးမြို့နယ်တွင် အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် သစ္စာရေသောက်အဓိဋ္ဌာန်ပြုအခမ်းအနားပြုလုပ်

Must read

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ် ရေးမြို့နယ်တွင် ရေးပြောက်ကျားတပ် (YGF) ဒေါနစစ်ကြောင်းတပ်ခွဲ ၃ ၏ အမှတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် ရေးပြောက်ကျားတပ်(YGF)၏ တပ်ဖွဲ့ဝင်များအားလုံး သစ္စာရေသောက်အဓိဋ္ဌာန်ပြုပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ် ၊ ဒုတပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်ရန်ပိုင် တို့က အမှာစကားပြောကြားခဲ့ကြောင်း၊ တိုက်ပွဲအရှိန်မြှင့်တင်နေသည့် အချိန်ကာလရောက်ရှိနေပြီဖြစ်၍ တပ်ဖွဲ့ဝင်အားလုံး တိုက်ပွဲဝင်နိုင်ရန် အသင့်ပြင်ဆင်ထားကြရန်၊ မည်သည့် အခက်အခဲရှိနေပါစေ အားတင်းရင်ဆိုင်ကြရန်၊ ခေါင်းဆောင်ကိုယ်တိုင် အရှေ့မှ ဦးဆောင်တိုက်ပွဲဝင်နေကြောင်း၊ ဘုံရန်သူကို အမြစ်ပြတ်သည်အထိ ဒူးမထောက်အရှုံးမပေးတိုက်ပွဲဝင်သွားမည်ဟု သစ္စာပြုပြီး ကတိသစ္စာရေသောက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဒေါနစစ်ကြောင်းတပ်ခွဲ ၃ #အခြေခံစစ်ပညာသင်တန်းဆင်းပွဲ #သစ္စာရေသောက်အဓိဋ္ဌာန်ပြုပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article