25 C
Yangon

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ တစ်အိမ်လျှင် ကျပ် ၅၀၀၀ နှုန်း အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက် ကောက်ခံ

Must read

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးများက တစ်အိမ်လျှင် ကျပ် ၅၀၀၀ နှုန်း ခြိမ်းခြောက်၍ လိုက်လံကောက်ခံကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့မှ စတင်ကာ စက်စဲကျေးရွာတွင် စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ အုပ်ချုပ်ရေးမှူး စိုးအောင် ၊ ရာအိမ်မှူး ကျော်သန်း၊ ပျူစောထီး ခေါင်းဆောင် စိုးနိုင်၊ မြို့နယ်မီးသတ် စိုးသန်းတို့က လိုက်လံ ကောက်ယူနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရွာမှာ အုပ်ကြီးတို့ ပျူစောထီးတို့ အတော်လေးဆိုးနေတယ်။ သွားပြောရင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အထိဖြစ်နေတယ်။ တစ်ရွာလုံးကောက်ခံနေရတယ်ဗျာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ရာအိမ်မှူးကျော်သန်းသည် လက်နက်ငယ် အမြဲကိုင်ဆောင်၍ ရွာသူရွာသားများအပေါ် ဖိနှိပ်နေကြောင်း၊ စက်စဲကျေးရွာသည် မွန်လူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ပြည်သူများအပေါ် မတရား‌ဖိနှိပ်ခြင်း ၊ ငွေကောက်ခံနေခြင်းများအတွက် မွန်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒေသပြည်သူများ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပျူစောထီး #ရန်ကုန်ခေတ်သစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article