25 C
Yangon

မန္တလေးမြို့ပေါ်တွင် အတင်းအဓမ္မ စစ်သား စုဆောင်းပေးနေသူများနှင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲ အင်အားစုများက ကြေညာ

Must read

ရန်ကုန်၊ မတ် ၂၅

မန္တလေးမြို့ပေါ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားရာနေရာများအတွင်း၌ အတင်း အဓမ္မ စစ်သားစုဆောင်းပေးနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အပါအဝင် လူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ဒဏ်ခတ်စီရင်မှု မလွဲမသွေခံရမည်ဟု မန္တလေး လူထုတိုက်ပွဲအင်အားစုများက မတ်လ ၂၄ ရက်နေ့တွက် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုရက်များတွင် ဖက်ဆစ်အကြမ်း ဖက် စစ်အုပ်စုနှင့် ၎င်းတို့၏ ထောက်တိုင်အဖြစ် တက်ကြွစွာ အသုံးတော်ခံနေကြသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အကွက်မှူး/ ရာအိမ်မှူး/ ဆယ်အိမ်မှူးများသည် မန္တလေးမြို့ပေါ် နှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင်အဓမ္မစစ်သားကောက် ယူစုဆောင်းမှုကို မြေပြင်တွင် စတင် အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

ဤကဲ့သို့ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုအတွက် အဓမ္မစစ်သားကောက်ယူစုဆောင်းမှုကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် တက်ကြွစွာ အားပေးကူညီနေသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ အကွက်မှူး/ရာအိမ်မှူး/ဆယ်အိမ်မှူးများအပါအဝင် အထက်အဆင့်ဆင့်သော လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများအားလုံးကို “ဖက်ဆစ်အကြမ်းဖက်ထောက်တိုင်”၊“ပြည်သူ့ရန်သူ”များအဖြစ် အလေး အနက် သတ်မှတ်လိုက်ကြောင်း၊ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုနှင့်တကွ“ဖက်ဆစ် အကြမ်းဖက် ထောက်တိုင်”၊ “ပြည်သူ့ရန်သူ” များအားလုံးသည် ပြည်သူလူထုထံမှ ထိုက်တန်သော တုန့်ပြန် ဒဏ်ခတ်စီရင်မှုကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း မန္တလေး လူထုတိုက်ပွဲအင်အားစုများ က အသိပေး ထားသည်။

ပြည်သူလူထု တရပ်လုံးကလည်း ဤအဓမ္မ စစ်သားကောက်ယူစုဆောင်းမှုလုပ်ရပ်ကို လုံးဝ လက်မခံ ဘဲ ဖြစ်သင့်သော နည်းလမ်းနည်းနာအစုံအလင်ဖြင့် အစွမ်းကုန် ဆန့်ကျင်တွန်းလှန်ကြပါရန်နှင့် ပြည်သူ့အချင်းချင်း အပြန်အလှန် ဝန်းရံ၊ အားဖြည့်၊ ကူညီ၊ စောင့်ရှောက်ကြရန် ဆက်လက် မေတ္တာရပ်ခံ ထားသည်။

ပြည်သူလူထုတရပ်လုံးအပေါ် ဆိုးကျိုးဒုက္ခများစွာ ပေးနေသော အဓမ္မ စစ်သားကောက်ယူစုဆောင်း မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စားဝတ်နေရေး အထွေထွေအကြပ်အတည်း၊ မတည်ငြိမ် မလုံခြုံမှု အစရှိ သည် တို့ကို ဖြစ်စေသည့် တခုတည်းသော လက်သည်တရားခံမှာ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာ ရှင်စနစ်သာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေး “ပြည်သူ့နွေဦးတော်လှန်ရေးကြီး” တွင်လည်း ပြည်သူအားလုံးက အစွမ်းကုန် အရှိန်တိုးမြှင့် ပါဝင်ဆင်နွှဲကြပါရန်၊ “တက်စုံဖွင့် ရွက်ကုန် လွှင့်” ဆက်လက်ချီတက်ကြရန် မန္တလေး လူထုတိုက်ပွဲအင်အားစုများက ဆက်လက် တိုက်တွန်း ထားသည်။

မန္တလေး လူထုတိုက်ပွဲအင်အားစုများအနေဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်ကျွန်ပြု ဥပဒေဆိုသည်ကို အသက်သွင်းပြဋ္ဌာန်းကြောင်း ကြေညာစဉ်ကပင် အဆိုပါ လုပ်ရပ်ကို လုံးဝ ကန့် ကွက်ရှုတ်ချသည်ဟု သဘောထား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အတင်း အဓမ္မ စစ်သားစုဆောင်း #ပြည်သူ့ရန်သူ #မန္တလေး လူထုတိုက်ပွဲအင်အားစု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article