26 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ စစ်တပ်က တဲစုရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က တဲစုရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ခြေလျင် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ပျဉ်ထောင် ပျူစောထီးရွာနှင့် တဲစု ကျေးရွာကို ၂ ဖွဲ့ခွဲ၍ ဝင်ရောက်ခဲ့ကြောင်း၊ တဲစုကျေးရွာကို ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယင်းနေ့ ညနေ ၆ နာရီခန့်မှစ၍ နေရာခွဲကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊ မကျီးအုပ်၊ မြင်း‌ဒေါင်း၊‌ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္ထိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ အင်တိုင်းကြီး စသည့်ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တားဆီးရန် ကြိုးစားခဲ့သည့် ဒေသကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရန်ကုန်ခေတ်သစ် #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article