25 C
Yangon

စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်အထိ တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြပြီး လူငယ် မျိုးဆက်သစ်များကို နေရာ ပေးကြရန်၊ အဟောင်းကို အသစ်ဖြင့် အစားထိုးကြရန် NUG ယာယီသမ္မတ တိုက်တွန်း

Must read

ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး အလေးထားကြရန် သမ္မတက ညွှန်ကြား

ရန်ကုန်၊ မတ် ၂၆

လူထုမျက်နှာကို ငဲ့ပြီး အကြမ်းဖက်စစ်တပ် အဆုံးသတ်ပြိုလဲချိန်အထိ တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရ အဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရ တာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုအားလုံး ဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံး သတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

တော်လှန်ရေးကာလ ၃ နှစ်အတွင်း လူထု၏ ပေးဆက်မှုနှင့် လူထု၏ နွမ်းလျမှုများကို တွေ့မြင်ခံစားရ မည်ဟု ယုံကြည်ပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရသည် လူထုအတွက် တော်လှန်ရေး၊ လူထု ၏ တော်လှန်ရေး၊ လူထုမှ သက်ဆင်းသည့် တော်လှန်ရေးဖြစ်ရန် အမြဲ‌ ရှေ့ရှုဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အချိန်နှင့်အမျှ တော်လှန်ရေး အရှိန်အဟုန်နှင့် တော်လှန်ရေး၏ သက်လုံကို ချိန် ကိုက်သားဖြစ်အောင် အမြဲတမ်း လုပ်ဆောင်ထားကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့များအားလုံးအနေဖြင့် ဝန်ထမ်းရေးရာ ခန့်အပ်ရာတွင် အစွန်းနှစ် ဖက်ရှောင်ရှားရန်လိုအပ်ပြီး တော်လှန်ရေးအစိုးရဖြစ်သဖြင့် ပြုပြင်ပြောင်းလဲရေးကို အဓိက လုပ် ဆောင် ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

“ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စတွေမှာ အဆင့်မြင့်ဝန်ထမ်း ကိုယ်စားလှယ်တွေ ခန့်ထားရေး လုပ် ငန်း စဉ်တွေလည်း ပါဝင်လာမယ်လို့ ယူဆပါတယ်။ အခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာ ကြောင့် ၊ တံခါးမရှိ ဓားမရှိ ဝင်ဖို့ ထွက်ဖို့ ခွင့်ပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒါ့ ကြောင့် ဝန်ထမ်းခန့်အပ်ရေး မူတွေကို စဉ်းစားဆုံးဖြတ်တဲ့အခါ “မလျော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ မူကို လက်ကိုင်ထားသင့်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက် ပြောဆိုသည်။

အထူးသဖြင့် နိုင်ငံ့အကျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လူငယ် မျိုးဆက်သစ်များကို နေရာ ပေးကြရန်နှင့် အဟောင်းကို အသစ်ဖြင့် အစားထိုးကြရန်၊ ထိုသို့အစားထိုးနိုင်မှသာ အနာဂတ် ကာလ၌ သက်ဝင်လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

“အခုလို တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြတဲ့အခါမှာ Action နဲ့ Result ကို ကွဲကွဲပြား ပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ ဆောင် ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လို ကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် အ ကျိုး အဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့ လည်း လိုသလို၊ လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက်ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ “ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး” ကိုလည်း အလေးအနက်ထားဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။” ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #NUG ယာယီသမ္မတ #လူငယ် မျိုးဆက်သစ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article