32 C
Yangon

မြန်အောင်မြို့နယ်တွင် စစ်မှုထမ်းရန် မဲနှိုက်စဉ် ပြည်သူ ၁ ဦးတည်း မဲစာရင်းတွင် ၂ ခါပါသောကြောင့် ခိုက်ရန်ဖြစ်ပွား

Must read

ရန်ကုန်၊ မတ် ၂၆

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်မှုထမ်းရန် မဲနှိုက်စဉ် ပြည်သူ ၁ ဦးတည်း မဲစာရင်းတွင် ၂ ခါ ပါသောကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးအုပ်စု၌ အကြမ်းဖက် စစ်တပ်၏ စစ်သား စုဆောင်းရေးအတွက် မဲနှိုက်ရွေးချယ်စဉ် ကျေးရွာနေ ပြည်သူ ဒေါ်သန္တာအောင်၏ သမက်ဖြစ်သူသည် မဲစာရင်းတွင် ၂ ခါပါဝင်နေသောကြောင့် အုပ်ချုပ်ရေးမှူး၏ မယားဖြစ်သူ တင်ချိုအေးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူနေထိုင်တဲ့ ရွာက အိမ်ထောင်စု စာရင်း ထဲမှာလည်း တစ်ခါပါတယ်။ ပြီးတော့ အိမ်ထောင်ကျတဲ့ ရွာမှာလည်း တစ်ခါ ပါတယ်။ ဒါတွေကို ရှင်းကြရင်း ရန်ထဖြစ်ကြတာ မဲစာရင်းတွေမှာ အုပ်ကြီးနဲ့ နီးစပ်သူတွေ နောက်ပြီး ယခင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက လက်မှတ်မျိုးစုံ အကြောင်းပြချက် မျိုးစုံနဲ့ မဲစာရင်းမှာလည်း မပါတာတွေ ရှိနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မဲစာရင်းတွင် ပါဝင်နေသူများသည် နေ့စား အလုပ်သမားများနှင့် သာမန် ပြည်သူများသာ ပါဝင်ပြီး အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများနှင့် ငွေကြေး ချမ်းသာသူများ ပါဝင်ခြင်းမရှိကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရန် မဲနှိုက်စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article