25 C
Yangon

အရာတော်မြို့ပေါ်ရှိ ရဲစခန်းနှင့် စက်မှုလယ်ယာဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆေးရုံနှင့် စက်မှု လယ်ယာဂိတ်စခန်းတို့ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း BGS Drone Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်ကကမ်းပြူကျေးရွာအရှေ့ဘက် ပင်လုံဆီဆိုင် အနီး၌ အကြမ်း ဖက်စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး အရာတော်မြို့ ပေါ်ရှိ ဆေး ရုံကြီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ရုတ်ရုတ်သဲသဲဖြစ်နေချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် ခန့်တွင် အရာတော်မြို့၊အနောက်အထွက် စက်မှုလယ်ယာဂိတ်စခန်းပေါ်သို့ ဒရုန်းဖြင့် KIA ထုတ် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၂ နာရီ ၄၅ မိနစ်အချိန်တွင် အရာတော်မြို့မရဲစခန်းအတွင်းသို့ အကြမ်းဖက်စစ်သား များဝင်ရောက်သွားကြောင်း သတင်းရရှိသဖြင့် လက်လုပ် ၁၂၀ မမ (စလစ်) ဗုံးသီး ၁ လုံးကို ရဲစခန်း အတွင်းရှိ အရာရှိ အဆောင်အနီး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၁ ဦး စိုးရိမ်အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော ရဲများကို ရဲစခန်းနောက်ဘေးပေါက်မှ ဆေးရုံသို့ ပို့ ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ မုံရွာခရိုင် ကွပ်ကဲရေး ၊ မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ တိုက်နယ် ၁၀ နှင့် တိုက်နယ် ၁၁ တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရဲစခန်းနှင့် စက်မှုလယ်ယာဂိတ် #ဒရုန်းဖြင့် ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article