25 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ မတ် ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေယာဉ်နှင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီနေ့ပဲ ၄နာရီ ၁၀မိနစ်လောက် ပစ်သွားတာ။ ကလေးတစ်ဦးနဲ့ လူကြီးတစ်ဦး ထိခိုက်သွားတယ်။ ကော့ဘိန်းပြည်သူပြေးတဲ့လူပြေးကုန်ပြီး မပြေးဘဲ အိမ်မှာနေတဲ့လူလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကော့ဘိန်းရွာကို ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်နေပြီး တရနာရွာတွင် အင်အား ၂၀၀ ခန့် စစ်ကူဖြည့်တင်းခြင်းများ လုပ်ဆောင်နေကြောင်း၊ ပြည်သူများ အားလုံးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ကော့ဘိန်းရွာ နယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်များလည်း သိမ်းယူနိုင်ခဲ့သည့်အတွက် အကြမ်းဖက်စစ်တပ်သည် ကော့ဘိန်းရွာကို ပြန်လည်ရရှိရေး ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကော့ကရိတ်မြို့နယ် #စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article