29 C
Yangon

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် AA က ရောက်ရှိနေပြီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု စစ်သား ၁၀ ဦးသေဆုံး၊ ရခိုင်တိုက်ပွဲများတွင် စစ်သား ၂၃ ဦးသေဆုံးပြီး ဘူးသီးတောင်၊ တောင်ဘဇာစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ မတ် ၂၉

ရက္ခိုင့်တပ်တော် AA က မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရောက်ရှိနေပြီး စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများဖြစ် ပွားရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်တွင် စစ်အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ်နှင့် AA တို့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ မျက်မြင် စစ်သား ၄ ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၅၈ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက်တောင်ကြောတွင် စစ်အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့အကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား မျက်မြင် ၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏လက်နက်နှင့်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၂၅ ရက်နေ့ ၊နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင် ဘက် ၄ ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်းတွင် စစ်တပ်၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ ၂၃၄ တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကြောင်း၊ ထို့ပြင် မတ်လ ၂၅ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၆ ရက်နေ့ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြ၊ အမ်းမြို့နယ်၊ လုံးကျေး ရွာ၏ အနောက်ဘက် တွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိနစ် ၃၀ ကြာတိုက်ပွဲတွင် စစ်တပ်က ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက် ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း မြေပုံမြိုနယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် တောင်ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင် ရက္ခိုင့်တပ်တော်တို့အာကား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုး စစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article