32 C
Yangon

မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင်နှင့် ဝေ့ရှမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကုန်သွယ်ရေးဇုန် အနီးနှင့် ဝေ့ရှမ်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန် အနောက်ဘက် တစ်မိုင်ခန့်အကွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ခဲ့ကြောင်း၊ ထို့ပြင် ဝေ့ရှမ်းကျေးရွာ အမှတ် ၆ ရပ်ကွက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂၆ ရက်နေ့ ည ၈ နာရီမှ နံနက် ၅ နာရီ အထိ အကြမ်းဖက် စစ်တပ်က လက်ခတ်တောင် ဒေသကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၂၆ ရက်နေ့ ညပိုင်းက လက်ခတ်တောင် ဒေသကို စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ အဆက်မပြတ် ၂၅ ကြိမ်ထိ လာကျဲတယ်။ ၂၇ ရက်နေ့မှာ ထူးခြားမှု မရှိပေမယ့် ၂၈ ရက်နေ့ နံနက်ပိုင်းက ကုန်သွယ်ရေးဇုန် အနောက်ဘက် တစ်မိုင်ခန့်အကွာနဲ့ ဝေ့ရှမ်း ကျေးရွာ အမှတ် ၆ ရပ်ကွက်ကို စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်ခတ်တောင် ဒေသကို ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် မတ်လ ၂၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်၏ တိုက်လေယာဉ်များက ကင်းလှည့်ပျံသန်းခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင် #ဗုံးကျဲ တိုက်ခိုက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article