30 C
Yangon

မြင်းမူနှင့် စစ်ကိုင်း မြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် စစ်ကိုင်း မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲထားပြီး ခရီးသွား ပြည်သူများကို ငွေညှစ် ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်တပ်၏ မြောင်လမ်းခွဲ ဂိတ်စခန်း နှင့် Max ဆီဆိုင်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘန်ကာ ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ နုံးတွင်းကျေးရွာတွင် တပ်စွဲ၍ မုံရွာ-မန္တလေး လမ်းပိုင်းရှိ ခရီးသွား ပြည်သူများကို ငွေညှစ် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defence Force-MMUစစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ Ghost Team Ranger Myinmuမြင်းမူ ပလဖMyinmu Defence Forceမြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article