34 C
Yangon

ကျွန်းစုမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းများကို PDF တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၉

တနင်္သာရီတိုင်း၊ ကွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတို့၌ အထိုင်ချတပ်စွဲထားသော စစ်တပ် စခန်းများကို PDF တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

မတ်လ ၂၇ ရက်နေ့က ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတို့၌ အထိုင်ချတပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ပူးပေါင်း စခန်းများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူး ပေါင်းစစ်ကြောင်း ၂ က ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ယမုံရွာ တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာသည်အထိ ကြာမြင့်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိသူ ၃ ဦးကို ရေလမ်းခရီးဖြင့် ကျွန်းစု ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ ထပ်မံ သေဆုံးသွားကြောင်း သိရသည်။

“တပ်စွဲထားတာက အင်အား ၇၀‌ လောက်ရှိတယ်၊ သူတို့က အထိုင်ချထားတာကို ကျနော်တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ပျူခေါင်းဆောင်ကနေရာမှာတင်သေတယ်၊ ဒဏ်ရာရတဲ့ သူ ၃ ဦးကို ရေလမ်းခရီးကနေ ကျွန်းစုဆေးရုံပို့တဲ့အချိန် လမ်းမှာသေသွားတာ” ဟု မြိတ်ခရိုင်ပြည်သူ့ ကာကွယ် ရေး ပူးပေါင်း စစ် ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ဖြစ်သည့် တနင်္သာရီ ပကဖမြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ကျွန်းစု ပကဖပုလောပကဖတနင်္သာရီကာကွယ်ရေးပြောက် ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နှင့် Dragon Squad ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article