28 C
Yangon

အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ ပြုံးပန်းတရာပရဟိတအဖွဲ့မှ ဦးဆောင်သူနှင့် စေတနာ့ဝန်ထမ်း ၅ ဦး အပါအဝင် ပြည်သူ ၁၀ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၂၉

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့၊ ပြုံးပန်းတရာပရဟိတအဖွဲ့မှ ဦးဆောင်သူနှင့် စေတနာ့ဝန်ထမ်း ၅ ဦး အပါအဝင် ပြည်သူ ၁၀ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် ပြုံးပန်းတရာပရဟိတအဖွဲ့မှ ကိုရွှေစိန်၊ ကိုရှောင်ကြီး၊ ကိုမောင်စမ်း၊ ကိုကျော်မိုး၊ ကိုတင်ထွန်း၊ ဦးဝင်းစိန် အပါအဝင် တခြားအမည်မသိရသေးသည့် ပြည်သူများ အပါအဝင် စုစုပေါင်း ၁၀ ဦးဝန်းကျင်ခန့်ကို စစ်တပ်က ရို်ကနှက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ဘယ်လိုကြောင့် ဖမ်းတယ် ဆိုတာ မသိဘူး။ အကုန်ဆို ၁၀ ဦးထက် မနည်းဘူး။ ခမရ ၆ ထဲ ဖမ်းတယ်လို့ ကြားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အုတ်ဖို့မြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ်၏ ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်ကို ပြည်သူ့တော်လှန်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး နောက်တစ်နေ့တွင် ပြည်သူများကို အကြောင်း မဲ့ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို သတိစွဲ ရပ်ခိုင်းပြီး အကြမ်းဖက်ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြုံးပန်းတရာပရဟိတအဖွဲ့

အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို သတိစွဲ ရပ်ခိုင်းပြီး အကြမ်းဖက်ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article