32 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၃၉၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၄၅ သိန်းကျော်အထိ စံချိန် ထပ်ချိုးပြန်၊ ကမ္ဘာ့ရွှေစျေးကလည်း စံချိန်တင် ထိုးတက်နေ

Must read

ရန်ကုန်၊ မတ် ၂၉

ပြည်တွင်းစီးပွားရေး စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၉၀၀ ကျပ်ဝန်းကျင်နှင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၄၅ သိန်း ကျော်အထိ စံချိန်ထပ်ချိုး သွားကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်များထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အခေါက်ရွှေစျေးသည် တစ်ကျပ်သားလျှင် ငွေကျပ် ၄၄ သိန်း ကျော် ပေါက်စျေးရှိကြောင်း၊ ယင်းနောက် ယနေ့ မွန်းလွဲပိုင်းတွင်ကမ္ဘာ့ရွှေစျေးက ထပ်မံ စံချိန်တင်လာသည့်အတွက် ရွှေစျေးနှုန်းပါ ထပ်မံစံချိန်တင်မြင့်တက်သွားကြောင်း သိရှိရသည်။

“ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၂၃၈ အထိ စံချိန်တင်တက်တယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးလည်း ၄၅ သိန်းကျော် စွန်းစွန်းအထိ လိုက်တက်တယ်။ အရွက်စျေးကလည်း ၃၈၅၀ ကနေ ၃၉၀၀ အကြားပေါက်နေတယ်။ စျေးက အရွက်စျေးကို ထိန်းနေလို့ ရွှေစျေးက အရမ်းကြီး ထပ်မတက်တာ။ တကယ်ဆိုရင် ရွှေစျေး ၄၅ သိန်းကို အများကြီး ထပ်ကျော်သွားနိုင်တယ်။ အရောင်းအဝယ်ကတော့ ရွှေစျေးကွက်ထဲမှာ မရှိဘူး။ ပြင်ပစျေးကွက်မှာပဲ ကိုယ့်လူနဲ့ ကိုယ် ချိတ်ဆက် ဝယ်ရောင်းလုပ်ကြတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ရန်ကုန်ရွှေကုန်သည်များကမူ လက်ရှိ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ မိန့်ခွန်းပြောဆိုမှုသည် အကောင်းဘက်သို့ ဦးတည်ခြင်းမရှိသည့်အတွက် ရွှေစျေး၊ ဒေါ်လာစျေးနှုန်းများ ထပ်မံမြင့်တက်ကာ စီးပွားရေးကဏ္ဍတစ်ခုလုံးအတွက် ဆိုးကျိုးများစွာ ဆက်လက် သက်ရောက်မှုကြီးမားလာမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အမေရိကန်တစ်ဒေါ်လာ #ကမ္ဘာ့ရွှေစျေး #အခေါက်ရွှေတစ်ကျပ်သား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article