33 C
Yangon

ဆားလင်းကြီးမြို့နယ် အတွင်း စစ်ကားများဖြင့် ဝင်ရောက်လာကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကားများဖြင့် ဝင်ရောက်လာကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ် ၂၉ ရက်နေ့တွင် ယင်းမာပင်မြို့နယ်မှ စစ်ကား ယာဉ်တန်းပါ စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာမှတစ်ဆင့် ညောင်ပင်ကြီးရွာဘက်ကို ကား ၂ စီးဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်သည် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ထွက်ပြေး တိမ်းရှောင်နေရတာ ၁၀ ရွာ ဝန်းကျင်လောက်ရှိမယ်။ ပြည်သူ ၃၀၀၀ ဝန်းကျင်ရှိပါတယ်။ စစ်ခွေး စစ်ကြောင်းက ပြည်သူတွေကို ပစ်တာ ဖမ်းတာ ဘာမှမရှိသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာ တချို့တွင် ယာယီတပ်စွဲထားပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

photo – အညာပစ်တိုင်းထောင်လေးများ အဖွဲ့

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆားလင်းကြီးမြို့နယ် #စစ်ကားများဖြင့် ဝင်ရောက်လာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article