25 C
Yangon

ဖာပွန်မြို့နယ်ရှိ ခလရ ၁၉ တပ်ရင်း နှင့် စစ်လက်နက်ပစ္စည်းတပ်ရင်း(စစန) ၆၄၂ တို့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်၊ လက် နက်ခဲယမ်းအမြောက်အမြားရရှိထား

Must read

ဖာပွန်မြို့နယ်ရှိ ခလရ ၁၉ တပ်ရင်း နှင့် စစ်လက်နက်ပစ္စည်းတပ်ရင်း(စစန) ၆၄၂ တို့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်၊ လက် နက်ခဲယမ်းအမြောက်အမြားရရှိထား

ရန်ကုန်၊ မတ် ၃၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်ရှိ ခလရ ၁၉ တပ် ရင်းနှင့် စစ်လက်နက်ပစ္စည်းတပ်ရင်း(စစန) ၆၄၂ တို့ကို KNLA နှင့် PDF ပူး ပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့တွင် ခလရ ၁၉ နှင့် စစန ၆၄၂ တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ် လက်နက်ပစ္စည်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း၊ မကြာမီ သတင်းများကို တရားဝင် သတင်းထုတ်ပြန်ရန်ရှိနေကြာင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်တပ်၏ စဗခ(၁)ရတခ လက်အောက်ခံတပ်ရင်းစခန်းများ တည်ရှိသည့် မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာ၏ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ပိတ်ဆို့ ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် ဖာပွန်မြို့ကို KNLA ၊ PDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံး၀ မရှိတော့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် ဖာပွန်မြို့ရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဗျူဟာအခြေချ စဗခ (၁) ရတခ လက် အောက်ခံတပ်ရင်းစခန်းများ အားလုံး တည်ရှိ ကူးလူးသွားလာရာလမ်းများကို KNU တပ်မဟာ ၅ နှင့် တော် လှန်ရေးတပ်များအားလုံးက ဝိုင်း ဝန်း ပိတ်ဆို့ဖြတ်တောက်ထားကြောင်း KNU တပ်မဟာ ၅ က မတ်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article