25 C
Yangon

လေးကေ့ကော်ရှိ စစ်တပ်၏ ရေကန်ကုန်း စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေး တပ်များက တက်သိမ်း၊ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားတချို့အလောင်းများ ရရှိပြီး စစ်သားအများစု ထွက်ပြေး

Must read

လေးကေ့ကော်ရှိ စစ်တပ်၏ ရေကန်ကုန်း စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေး တပ်များက တက်သိမ်း၊ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားတချို့အလောင်းများ ရရှိပြီး စစ်သားအများစု ထွက်ပြေး

■ လေးကေ့ကော်မြို့ထဲအထိ တော်လှန်ရေးတပ်များက ပြန်လည် စိုးမိုးထားနိုင်ပြီ

ရန်ကုန်၊ မတ် ၃၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ရှိ စစ်တပ်၏ ရေကန်ကုန်းစခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တက်သိမ်းလိုက်ပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားတချို့အလောင်းနှင့် ခဲယမ်းတချို့ ရရှိကာ စစ်သားအများစု ထွက်ပြေးသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် လေးကေ့ကော်ရှိ စစ်တပ်၏ ကာကင်းစခန်းဖြစ်သော ရေကန်ကုန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တက်ရောက် သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ ယင်းရေကန်ကုန်း စခန်းကို လွန်ခဲ့သော တစ်ပတ်ကျော်ကတည်းက တော်လှန်ရေးတပ်များက ၀ိုင်းထားကာ စနိုက်ပါ၊ ပွိုင့်ဖိုက်၊ ဒရုန်းများဖြင့် မရပ်မနား ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်မူ တော်လှန်ရေးတပ်များက တက်ရောက် သိမ်းပိုက်ရာ စစ်သားအများစု ထွက်ပြေးကြကြောင်း၊ စခန်းအတွင်းမှ ဗိုလ်မှူး ၁ ဦး အလောင်းအပါအဝင် စစ်သား အလောင်းတချို့ နှင့် ခဲယမ်းတချို့ ရရှိကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက စခန်းကို ၀ိုင်းထားတာ။ တိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်မှာ အဲဒီစခန်းက ၃ ယောက် ထွက်းပြေးလာပြီး လက်နက်နဲ့တကွ အလင်း၀င်ပါတယ်။ သူတို့ပြောတဲ့စကားအရတော့ ရေကန်ကုန်း

ကာကင်းစခန်းကုန်း အင်အား စစ်ခွေး ၄၀ ကျော် ရှိတယ်လို့ သိရတယ်။ ဒီနေ့မနက် စခန်းကို တက်ရှင်းတဲ့ အချိန်မှာတော့ ဗိုလ်မှူးတစ်ယောက်ပါ၀င်တဲ့ စစ်ခွေးအလောင်းအချို့နဲ့ ဗုံးအချို့ပဲ ရခဲ့ပါတယ်။ ကျန်တဲ့စစ်ခွေးတွေကတော့ ထွက်ပြေးသွားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လေးကေ့ကော်ကို အဓိက ကာကွယ်ထားသည့် စစ်တပ်စခန်းဖြစ်သော ရေကန်ကုန်းစခန်းကို ရရှိလိုက်သည့်အတွက် လေးကေ့ကော်မြို့ကိုပါ တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လေးကေ့ကော်မြို့ထဲအထိ နယ်မြေ ပြန်လည် စိုးမိုးထားပြီ ဖြစ်​ကြောင်း သိရှိရသည်။

” နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး တိုက်ပွဲတွေစဖြစ်တာ လေးကေ့ကော်ပဲ။ တော်လှန်ရေးရဲ့ ပထမဦးဆုံး အာရုံစိုက်ခဲ့ရတဲ့မြို့ဖြစ်ပါတယ်။ သတင်းအသေးစိတ်ကတော့ သက်ဆိုင်ရာ စစ်ကြောင်းတာ၀န်ခံတွေက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- လေးကေ့ကော်တွင် ယခင်နှစ်များက တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article