25 C
Yangon

မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချမှုကြောင့် ညီနောင်မြို့ ပြာကျပြီး မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွား

Must read

ရန်ကုန်၊ ဧပြီ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အာရှလမ်းမကြီးဘေး၊ တောင်ကလေးဘုန်းကြီး ကျောင်းအနီးရှိ အမှတ် ၅ ရပ်ကွက်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ ၂၇၅ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မြဝတီမြို့ တောင်ကလေး ဘုန်ကြီးကျောင်းဘေးက အမှတ် ၅ ရပ်ကွက် မီးလောင်နေတယ်လို့ သိရတယ်။ ၂၇၅ က စစ်ခွေးတွေ တမင် ပစ်တာလား လက်နက်ကြီး အားပျော့ပြီး ကျရောက် ပေါက်ကွဲတာလား ဆိုတာတော့ မသိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့၊ မတ်လ ၃၁ ရက်နေ့တို့တွင် ဝေ့ရှမ်းအနီး ညီနောင်မြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့်မီးလောင်ဗုံးများ ကျဲချသဖြင့် ညီနောင်မြို့တစ်ခုလုံး မီးလောင်သွားခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများလည်း ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

“မတ်လ ၃၀ရက် ၃၁ ရက်နေ့အထိ ညီနောင်မြို့ကို ၂ရက်ဆက်တိုက် မီးလောင်ဗုံးတွေ လေယာဉ်နဲ့ စစ်တပ်က လာချတယ်။ ညီနောင် မြို့ထဲချတာ။ သဃ်န်းညီနောင်မြို့သစ်ကတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ပြာကျသွားပြီတော့ ညီနောင်မြို့ကိုပါ ပြာချတာ။ အခုက ဝေ့ရှမ်းလမ်းဆုံ ညီနောင်မြို့ ပါ။ ဘာမှ ကို ရစရာမရှိတော့တာ။ စစ်မီးကတော့ တဖြည်းဖြည်းတော့ မြ၀တီမြို့နားအထိတော့ ကပ်လာပါပြီ” ဟု မြ၀တီမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ညီနောင်မြို့ ပြာကျ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article