25 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အရှေ့ပိုင်းမြို့နယ်မှ စစ်မှုထမ်းရမည့် လူငယ်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တပ်များသို့ ပို့ဆောင်မှု မှန်ကန်ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များမှ စစ်မှုထမ်းရမည့် လူငယ်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တပ်များသို့ ပို့ဆောင်ထားသည်မှာ မှန်ကန်ကြောင်း အဆိုပါမြို့နယ်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၃ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့နယ် စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ လူငယ်များကို တောင်ကြီးမြို့နယ်ရှိ တပ်များထံသို့ ပို့ဆောင်ထားပြီး အဆိုပါရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်အခြေခံ လေ့ကျင့်ရေးတပ်နှင့် တန်းမြင့်သင်တန်းကျောင်းများတွင် စစ်သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

” ပင်လောင်း၊ လားရှိုး၊ ကျိုင်းတောင်းမှာရှိတဲ့ လေ့ကျင့်ရေးတပ်နဲ့ တန်းမြင့်ကျောင်းတွေမှာ ခွဲတမ်းချပေးမယ်လို့ ပြောတယ်။ လောလောဆယ်တော့ တောင်ကြီးမှာရှိတဲ့ တပ်တွေဆီကို ပို့ထားပါတယ်။ သင်တန်းတက်ချိန်ကျမှ သက်ဆိုင်တဲ့ သင်တန်းကျောင်းတွေဆီ သွားရမယ်” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၁၃၃ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

ထိုသို့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အရှေ့ပိုင်းမြို့နယ်များမှ လူငယ်များကို ရှမ်းပြည်ဘက်သို့ ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် ထိုသို့ပို့ဆောင်သည်ကို မသိရှိကြောင်း၊ စစ်မှုထမ်းရမည့် လူငယ်များကို ကြိုတင် ပေးမသိရဟု မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။

ဒေသပြည်သူများ၏အဆိုအရ လက်ရှိ ဒဂုံမြို့သစ် မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကိုယ်တိုင် လူငယ်များကို ဧည့်စာရင်းစစ် ဖမ်းဆီးမှုများရှိကြောင်း၊ ဖမ်းဆီးခံရသူများကိုလည်း တပ်ထဲသွင်းကြောင်း ပြောဆိုသည်။

“ဒဂုံမြို့သစ်အရှေ့ပိုင်မြို့နယ် ၁၃၃ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတွေက ညဘက်တွေဆိုရင် အကြောင်းပြချက်မရှိဘဲ စစ်မူထမ်းဖို့ အဆောင်နေ လူ‌ငယ်တွေကို ဝင်ဆွဲထားတာရှိတယ်။ အဲဒီလူငယ်တွေကို ဒီနေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ခေါ်သွားပြီးတော့ တောင်ကြီးကိုပို့မယ်လို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်လာသော ပြည်သူများ၏ ပြောဆိုချက်အရ မြောက်ဒဂုံ၊ ၃၀ ရပ်ကွက်၊ ၃၂ ရပ်ကွက်နှင့် ၄၉ ရပ်ကွက်မှ လူငယ်များကို ဆေးစစ်ရန်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ရှမ်းပြည်နယ်ဘက်သို့ ပို့ဆောင်လိုက်သည်ဟု သိရှိရကြောင်း ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အရှေ့ပိုင်းမြို့နယ်မှ စစ်မှုထမ်းရမည့် လူငယ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article