38 C
Yangon

TNLA က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြိုနယ်တွင် အခြေခံအကျဆုံးသော အုပ်ချုပ်ရေးယန္တရားဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဥက္ကဋ္ဌများ ရွေးချယ်ရေး ဆွေးနွေး

Must read

ရန်ကုန်၊ ဧပြီ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြို့နယ်တွင်အခြေခံအကျဆုံးသော အုပ် ချုပ် ရေးယန္တရားဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဥက္ကဋ္ဌများ ရွေးချယ်ရေး တွေ့ဆုံဆွေးနွေးကြကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁ ရက်နေ့တွင် နမ့်ခမ်းမြိုနယ်အတွင်း ကျေးရွာပြည်သူလူထုများနှင့် ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနတို့ တွေ့ဆုံဆွေးနွေးကြကြောင်း၊ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီး တောင်တန်းနှင့် အထွေထွေအုပ်ချုပ်ရေးဌာန ဗိုလ်စကိုင်းတို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ ရွေးချယ်ခြင်းကိစ္စများသာမက ကလေးသူငယ်များ၏ ပညာ ရေး၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မိုင်းအန္ဒရာယ်အသိပေးခြင်းနှင့် ဒေသဖွံဖြိုးရေးကိစ္စ စသည့်အကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးကြကြောင်း၊ PSLF/TNLA၏ အထွေထွေအတွင်းရေမှူးဗိုလ်ကြီး တောင်တန်းက နမ့်ခမ်းမြိုနယ်အတွင်း အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးကိစ္စအသေးစိတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နမ့်ခမ်းမြိုနယ် ကျေးရွာအတွင်းရှိ ကျေးရွာ ၅၀ မှ ကျေးရွာဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများနှင့် PSLF/TNLA တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ ၁၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မတ်လဆန်းပိုင်း နမ့်ခမ်းမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ထုတ်ပြန် ကြေညာခဲ့သော်လည်း TNLA ကမူ ၎င်းတို့၏နယ်မြေတွင် လွတ်လပ်သော အုပ်ချုပ်ရေးယန္တရားဖြင့် နယ်မြေများကို လည်ပတ်အုပ်ချုပ်နေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article