38 C
Yangon

ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ မုံရွာမြို့နယ်ရှိ တောပုရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ထမ္မကောက် အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆိပ်ဖြူ-ပေါက် လမ်းပိုင်း နုံးပုံလမ်းခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်းတပ်ခွဲ ၃ NSP တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ တောပု ပျူစောထီးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီများကို Area 71 PDF ရဲဘော်များမှ အုပ်စု ၃ စုခွဲကာ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ စစ်သား၊ ပျူစောထီး များ၏ အော်ငြီးသံများ ကြားခဲ့ရကြောင်း၊ မည်မျှထိခိုက်သေဆုံးသည်ကို အတိအကျမသိရသေး ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ညစဉ် ညတိုင်း မူးရူးသောက်စားကာ ဘေးပတ်ဝန်း ကျင်ရှိကျေးရွာများကို အကြောင်းမဲ့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ၆၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက် #ပျူစောထီးစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article