35 C
Yangon

မြင်းမူမြို့နယ်တွင် ဆက်ကြေး ကောက်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစာကန်ဘေး၌ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်း မှ ထွက်လာပြီး ရေပိုးစားကန်ဘေး၌ လမ်းသွားလမ်းလာ ပြည်သူ့ကားများကို တားဆီးကာ ဆက် ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားများကို ၆၀ မမ ရှော့တိုက်ဒုံး၊ လက်နက်ငယ်များဖြင့် ဝိုင်း ဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ညနေပိုင်းရောက်တော့ ဂွေးပင်တောဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားတယ်၊ ညနေစောင်းတော့ ဂွေး ပင်တောကနေ မြောက်ဘက်ကို ကားနဲ့ရောက်လာပြီး လူမှုကူညီရေးအသင်းကားလာရှာတယ်လို့ ကြားတယ်၊ စစ်ခွေးထပ်တိုးသေတာရှိနိုင်တယ်ဗျ။ ကျနော်တို့ဘက်က ခဏပဲ ပစ်ပြီးပြန်ဆုတ်လာခဲ့ တာ၊ ဆုတ်ခွာလာတဲ့ လမ်းဘက်အထိ လိုက်ပစ်သေးတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်သည့် ၆၀ မမ ရှော့တိုက်ဒုံးကျည် တစ်လုံးသည် ရေးပိုးစာဘုန်းကြီးဘေးရှိ သစ်ပင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်အချို့ ထိ ခိုက် ပျက်စီးခဲ့ခြင်းနှင့် ထိန့်လန့်မှုဖြစ်ခဲ့ရသော လမ်းသွားလမ်းလာပြည်သူများကို အနူးအညွတ် တောင်းပန်ပါကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ နွေဦးလူငယ် People’s Defence Forceဒေါင်းဘုရင် MMUမြင်းမူမြို့နယ် ပကဖ နှင့် တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆက်ကြေး ကောက်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article