35 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ ဇီးကုန်းမြို့နယ်ရှိ ပျူစာထီးစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ စက်မှု ၂ မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့မှ အီနာဂါ ဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီးသေ ဆုံးပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက ည ၉ နာရီကျော်အထိ လက်နက်ကြီးများ ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးကျေးရွာ မှ ထွက်ခွာလာသော စစ်သား၊ ရဲ၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာအပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ပျူစောထီး ၁ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံး ကာ စစ်သား၊ ရဲ ၊ ပျူစောထီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ၊ PKU Thurein၊ DMG တပ်ဖွဲ့နှင့် ဝံပုလွေပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် အရှေ့ဘက်ရှိ ဘော်ဘင်ရွာရှိ ပျူစေားထီးစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင် ပျုစောထီးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ၈၀ မမ ၊ ၄၀ မမ နှင့် လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF တပ်ခွဲ ပဲခူးရိုးမနှင့် တပ်ရင်း ၃ ၈၀၁ တပ်ခွဲ ၃ နတ်စစ် တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပျူစာထီးစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article