25 C
Yangon

ဖားကန့်တွင် စစ်တပ်နှင့်အကျိုးတူ ပူးပေါင်းထားသည့်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုကြောင့် စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့်နေထိုင်စရာ အခက်အခဲများကြုံနေရ

Must read

ရန်ကုန်၊ ဧပြီ ၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနရွာ၊ ဖားပြင်ရွာ၊ မမုံစံပြကျေးရွာ အနောက်ဘက်တွင် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီးလုပ်ဆောင်သည့် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကြောင့် နှစ်ရှည်စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ သောက်သုံးရေအခက်အခဲနှင့် နေစရာအခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရှိရသည်။

လာမည့် မိုးတွင်းကာလအတွင်းတွင်လည်း ဖားပြင်ရွာ မမုံစံပြကျေးရွာတို့သည် စွန့်ပစ် ကျောက်စိမ်း တူးဖော်မှုများနှင့် မြေစာစွန့်ပစ်မှုများကြောင့် အရင်နှစ်ထက် ရေကြီး ရေလျှံမှုများ ပိုမိုဖြစ်နိုင်သည့် အခြေအနေများရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီက အစုရှယ်ယာ ပါနေသည့် ပွင့်ထူးစံကျောက်စိမ်းကုမ္ပဏီက ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်တိုင် လက်ရှိအချိန်အထိ တွင်တွင်ကျယ်ကျယ် ကျောက်စိမ်း တူးဖော်နေဆဲဖြစ်ကြောင်း၊ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီများ​ကြောင့် နှစ်ရှည်စစ်ရှောင်ပြည်သူများမှာ ရေ အခက်အခဲနှင့် နေစရာအခက်အခဲများ ကြုံတွေ့နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“လက်ရှိ နေနေတဲ့ မမုံစံပြကျေးရွာ အနောက်ဖက် ရှမ်းစုကျေးရွာရဲ့ အောက်မှာ စစ်ဘေးလာရှောင်တဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ ခန့်ဟာ ကျောက်စိမ်းကုမ္ပဏီတွေကြောင့် ဒုက္ခပိုခံစားနေကြရပါတယ်”ဟု စစ်ရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီများသည် စစ်ရှောင်ပြည်သူများနေသည့် မိုးကာတဲများအနီးသို့ မြေစာများ လာ၍ ပစ်နေကြကြောင်း၊ မြေစာပုံကြီးများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာတွေ့နေရကြောင်း သိရှိရသည်။

“စစ်ကိုင်းတိုင်းဘက်က လာရှောင်ကြတဲ့ စစ်ဘေးရှောင်များနဲ့ ရခိုင်လူမျိုးတချို့တို့က တဲထိုး နေထိုင်ကြတာရှိပါတယ်။ ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ရင်လည်း နေစရာအိမ် ဆုံးရှုံးတဲ့သူနဲ့ လုပ်ကိုင်စားဖို့ လယ်ယာမြေ မရှိတာကြောင့် ဒီနေရာတွေမှာ ခိုကပ်ပြီး နေနေကြရတာပါ။ မြေစာတွေ ကျွန်တော်တို့နေတဲ့နား လာပစ်နေကြတာ”ဟု စစ်ရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article