25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၃ ရက် နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကျောက်စခန်းနှင့် မဒါဘွမ် စစ်စခန်း ၂ ခုကို KIA နဲ့ မဟာမိတ်ပူပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထပ်မံ သိမ်းပိုက် လိုက်ပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း နတ်မောက်မြို့မှာ အကြမ်းဖက် စစ်တပ်အတွက် လူငယ်တွေကို စစ်မှုထမ်းဖို့ တပ်သားသစ် လိုက်စုနေတဲ့ ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ ဆိုသူ ဇယ်တောက်နေတဲ့အချိန် ပစ်ခတ် ခံရပြီး သေသွားပြီလို့ ဒေါင်းစစ်သည် ပြောက်ကျားတပ် ရဲ့ တာ၀န်ခံ ဒေါင်းသွေးနီ က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ရန်ကုန်မြိုမှာ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို ထွက်မပြေးအောင် အဓိက စောင့်ကြည့် ရတဲ့ လှိုင်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၃ တပ်ထိန်းတပ်ဖွဲ့ တပ်မှူး နေအိမ် နဲ့ ရုံးကို ရန်ကုန်တိုင်း ပကဖ ကနေ မြို့ပေါ်မှာပဲ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article