25 C
Yangon

ဖားကန့် မရှီကတောင်ရပ်ကွက်ရှိ Happy KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်များက ပစ်ခတ်တိုက်ခိုက်၊ ကား ၁ စီး သိမ်းဆည်းရရှိ

Must read

ဖားကန့် မရှီကတောင်ရပ်ကွက်ရှိ Happy KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်များက ပစ်ခတ်တိုက်ခိုက်၊ ကား ၁ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကတောင်ရပ်ကွက်ရှိ Happy KTV တွင် ညလုံးပေါက် ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း KIA နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန် ဖားကန့် ၊ မရှီကတောင်ရပ်ကွက်ရှိ Happy KTV တွင် ညလုံးပေါက် ပျော်ပါးပြီး ပြန်လည် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသင့်စောင့်ဆိုင်းနေသည့် KIAနှင့် PDF တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ကား ၁ စီးကျန်ရစ်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အဲဒီ Happy KTV မှာ မနှစ်ကလည်း စစ်ကောင်စီဘက်က လူတွေ အပစ်ခံရပြီးသေခဲ့တာရှိတယ်။ ဒီမနက်လည်း ညလုံး ပေါက် ပျော်ပါးပြီး ပြန်ထွက်လာချိန်မှာ ပစ်ခတ်ကြတာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ဖောဝီးကားတစ်စီး ကျန်ရစ်တယ်။ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုရှိနိုင်တယ်။ အတိအကျတော့မသိဘူး” ဟု KIA နှင့်နီးစပ်သော သတင်းရင်းမြစ်ကဆိုသည်။

ဖားကန့်ဒေသပြည်သူများကလည်း ယနေ့ နံနက် ၆ နာရီအချိန် မရှီကတောင်ရပ်ကွက်တွင် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း အတည်ပြုပြောဆိုကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရဟု ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article