25 C
Yangon

ရေစကြို မြို့နယ်၊ မြို့ထွေ/အုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ၊ ပေါင်းတည်တွင်လည်း စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

Must read

ရေစကြို မြို့နယ်၊ မြို့ထွေ/အုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ၊ ပေါင်းတည်တွင်လည်း စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၅ နာရီခန့်က ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြောက်ကျားနည်း ဗျူဟာဖြင့် ၄၀ မမ ဖြင့် ဗုံးသီး ၂ လုံးသွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးအတွင်းရှိ အကြမ်းဖက်စစ်သားများ နားနေရာ အဆောက် အအုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ်တာကတော့ ၂ လုံးပစ်တာ၊ တစ်လုံးပဲ ကျည်ထွက်ပြီးကွဲခဲ့တာ၊ အဲဒီကျည်ကပဲ စစ်ခွေး ၂ ကောင် ကို ထိတာ၊ နောက်ကျည်တစ်လုံးက မထွက်ဘူး၊ ခွေးတွေဘက်က ၆၀ မမနဲ့ ၄ ချက်ပြန်ပစ်တယ်၊ ခွေးတွေ ပစ်တဲ့ကျည်ထိပြီး ပြည်သူယောက်ျားလေးတစ်ဦး ဒဏ်ရာရတယ်၊ ကျနော်တို့ ကမ်ပိန်းက လည်း ၅ ရာခိုင်နှုန်းတောင်မရသေးဘူး၊ ပြည်သူတွေပင်ပန်းနေလို့ပဲလား၊ သင်္ကြန်နားနီးလို့ပဲလား မသိဘူး၊ ကမ်ပိန်းရရှိမှုက နည်းနေသေးတဲ့အတွက် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် YSO-TPG ပြောက်ကြားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Myingyan Black Tiger MBT တပ်ဖွဲ့အနေဖြင့်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းများကိုထိုးဖောက် ဝင်ရောက်တိုက်ခိုက်နိုင်ရန် “မြိုပြဆီသို့” ကမ်ပိန်းပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်း ဝန်းပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ရိုးမပေါ်သို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ရိုးမပေါ်သို့ နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုကာအင်အား ၂၅ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို မအူကွင်းရွာဟောင်းအနီးပတ်လည်တွင် မိုင်းဆွဲ၍တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပြည်သူများအနေနှင့် အကြမ်းဖက်စစ်တပ်ကို လမ်းပြခြင်း၊ ထောင်ထားသော မိုင်းကွင်း​နေရာများက်ို သတင်းပေးခြင်းများ မလုပ်ဆောင်ကြရန်နှင့် ထိုကဲ့သို့ လုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြောင်းလည်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၃) ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article