34 C
Yangon

ရခိုင်ဒေသ တိုက်ပွဲများ အတွင်းမှ ထွက်ပြေးလာသည့် ခလရ ၆၃ နှင့် ခမရ ၃၄၆ တပ်ရင်းမှ စစ်သား ၆ ဦးကို PRA-Magway တပ်ဖွဲ့က အရှင် ဖမ်းဆီးရမိ

Must read

ရခိုင်ဒေသ တိုက်ပွဲများ အတွင်းမှ ထွက်ပြေးလာသည့် ခလရ ၆၃ နှင့် ခမရ ၃၄၆ တပ်ရင်းမှ စစ်သား ၆ ဦးကို PRA-Magway တပ်ဖွဲ့က အရှင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၃

ရခိုင်ဒေသ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်တပ်၏ ခလရ ၆၃ နှင့် ခမရ ၃၄၆ တပ်ရင်းမှ စစ်သား ၆ ဦးကို People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့က အရှင် ဖမ်းဆီးရမိထားကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရသည်။

PRA-Magway တပ်ဖွဲ့ စစ်ရေးလှုပ်ရှားရာ ဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ရခိုင်ဒေသ၌ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ရှုံးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မကွေးတိုင်းနှင့် နီးစပ်ရာ ဒေသများကို ထွက်ပြေးမှုများ ရှိနေကြောင်း သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနက် တတက ၉ မှထွက်ပြေးလာသော ခလရ ၆၃ လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးကို မတ်လ ၂ ရက်နေ့တွင်လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ ၃၄၆ လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးကို ဧပြီလ ၁ ရက်နေ့တွင် လည်းကောင်း People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့က အရှင်ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

PRA (Magway) တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်ဒေသ အချို့တွင် ရင်ဆိုင် တိုက်ပွဲဝင်လျက်ရှိပြီး စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထား ပြီးဖြစ်ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အခြေစိုက်သော စစ်ကောင်စီ လက်အောက်ခံ အခြေစိုက် တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း တော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းရန် တိုက်တွန်းလိုက်ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ယန္တရားကို လည်ပတ်ပေးနေသည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးမျာပါ နှုတ်ထွက် ကြရန် People’s Revolution Alliance (PRA-Magway) တပ်ဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article