30 C
Yangon

ထီးလင်းမြို့မှ ရိက္ခာရှာထွက်သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာတောင်ဘက်၌ ရိက္ခာရှာထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၃ ရက်နေ့ ည ၁၀ နာရီခန့် ထီးလင်းမြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ် တပ်စစ်ကြောင်းသည် ည ၁၁ နာရီခန့်တွင် ထလင်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ညအိပ်တပ်စွဲ ကာ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူလုယက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧပြီလ ၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန် ထလင်းကျေးရွာမှ ထီးလင်းမြို့သို့ ပြန်လာစဉ် မိုင်း အကြီးများဖြင့် ပြုလုပ်ထားသည့် မိုင်းကွင်းအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၂ ဦး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား ၈ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထီးလင်းမြို့ကနေ ညပိုင်းထွက်လာပြီးတော့ ရိက္ခာရှာဖွေပြီး မနက်စောစော ထီးလင်းကိုပြန်တာ၊ အပြန်မှာ မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲလိုက်တာ၊ ၄ ဦးသေပြီး ကျန်တဲ့သူတွေကဒဏ်ရာရတယ်လို့ သိရတယ်။ ထီးလင်းမြို့နဲ့ ထလင်းရွာက ၂ မိုင်လောက်ပဲရှိတာပေါ့နော်၊ ဒါဆိုတော့သူတို့ရဲစိုးမိုးထား တဲ့ နေရာ လည်းဖြစ်တဲ့အတွက် ဒဏ်ရာရတဲ့သူတွေကို ကားနဲ့လာတင်သွားတယ်လို့ သိရတယ်ဗျ။ မနေ့က ထီးလင်းကို ပြန်ရောက်သွားတယ်။ ဒီနေ့ မနက်ပဲ အနောက်ဘက်ကျေးရွာတွေထဲကို ရိက္ခာ ရှာ ပြန်ထွက်လာတယ်လို့ သိရတယ်” ဟု YRA ထီးလင်းတပ်ဖွဲ့ မှ သခင်ဇော်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၅ ၊ ၁၆ ၊ ၁၇ -YRA ထီးလင်းတပ်ဖွဲ့မှ ရဲဘော် များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရိက္ခာရှာထွက်သောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article