37 C
Yangon

တာချီလိတ်မြို့တွင် ပြုလုပ်မည့် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနအခမ်း အနား မင်းအောင်လှိုင်တက်မည် ဖြစ်သော်လည်း ဒရုန်းဖြင့် ဗုံးကျဲမည်ကို စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ထား

Must read

မင်းအောင်လှိုင်၏ လုံခြုံရေး အတွက် လျှို့ဝှက် အထူး အစီအစဉ်များ ရရှိထား

ရန်ကုန်၊ ဧပြီ ၅

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်ရန် ရှိနေသည့် နဂါးနှစ်ကောင် ဆရာတော်၏ ဈာပန အခမ်းအနားကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်သော်လည်း ဒရုန်းဖြင့် ဗုံးကျဲခံရမည်ကို စိုးရိမ်နေ၍ လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ယခု ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမှစတင်ပြီး တာချီလိတ်နှင့်ကျိုင်းတုံတို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည့်ခရီးစဉ်အတွက် လုံခြုံရေးအထူးတင်းကျပ်ထားကာ စစ်ခေါင်းဆောင် ရောက်ရှိလည်ပတ်မည့် နေရာနှင့် ၁၅ မိုင်ပတ်လည်ကို နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်နေကြောင်း၊ ၁၅ မိုင်ပတ်လည် လုံခြုံရေးယူရခြင်းမှာ ဒရုန်းများ လွှတ်တင်၍ ဗုံးကျဲခံရမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း သိရှိရသည်။

“ပူပူနွေးနွေး နေပြည်တော်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတော့ တပ်ချုပ်ရဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်အတွက် လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။ အရင်ဆိုရင် သူရှိတဲ့နေရာလောက်ပဲ အဓိက လုံခြုံရေးယူတာ။ အခုတော့ ဒရုန်းတွေ လွှတ်တင်နိုင်မယ့် အကွာအဝေး နေရာတွေအထိပါ လုံခြုံရေးယူခိုင်းပါတယ်။ တာချီလိတ်လေဆိပ်မှာလည်း လုံခြုံရေး တင်းကျပ်ထားပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ဧပြီလ ၆ ရက်နေ့တွင် တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနကို တက်ရောက်မည်ဖြစ်ပြီး ကျိုင်းတုံတွင်လည်း ဟော်နန်းဖွင့်ပွဲ ၊ မြို့ရှောင်လမ်းဖွင့်ပွဲများကိုလည်း တက်ရောက်ရန်ရှိကြောင်း၊ သို့ရာတွင် လုံခြုံရေး အခြေအနေအရ အရေးပေါ် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အကြမ်းဖက် မင်းအောင်လှိုင်အတွက် တာချီလိတ်တွင် လျှို့ဝှက် လုံခြုံရေး ပြင်ဆင်ထားမှု အစီအစဉ်များကို ရရှိထားရာ အများပြည်သူများ သိရှိနိုင်စေရန် ပြန်လည် တင်ပြလိုက်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တာချီလိတ်မြို့ #နဂါးနှစ်ကောင်ဆရာတော် #မင်းအောင်လှိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article