ဒီကနေ့ ဧပြီ ၅ ရက် နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေကို ထိတ်လန့်စေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု အတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ Jammer တွေကို ပြန်လည် သုံးသပ်ဆန်းစစ်ပြီး၊ အဆင့်မြှင့်တင်ဖို့ စစ်ကောင်စီက အရေးပေါ် ညွှန်ကြားနေပြန်ပြီလို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ် ၊တရုတ် မြန်မာနယ်စပ်က လွယ်ဂျယ်မြို့မှာ KIA က ချိတ်ပိတ်လိုက်တဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ အတွင်းကို Non-CDM ဝန်ထမ်းတွေ အပါအဝင် မည်သူ့ကိုမှ ပေးမဝင်တော့ဘူးလို့ လွယ်ဂျယ်မြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမှတ် ၉ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကနေ ထွက်ပြေး လာတဲ့ အကြမ်းဖက် စစ်ကော်စီဘက်က ရဲတပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar