25 C
Yangon

ခမောက်ကြီးနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ခမောက်ကြီးနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၅

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသော အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဒီပါကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ခမောက်ကြီးမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဒီပါသည် ကျေးရွာနေပြည်သူများကို ခြိမ်း ခြောက် အနိုင်ကျင့်ခြင်း၊ ငွေကြေး ကောက်ခံ၍ လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ စစ်မှုထမ်း ဥပဒေ အတွက် အားကျိုးမာန်တက် အကောင်ထည်ဖော် လုပ်ဆောင်၍ ပြည်သူများကို အကြပ်ကိုင်ကာ ငွေကြေး တောင်းရမ်းနေသည့်အတွက် ကော့သောင်းပြည့်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။

ပြည်သူများအပေါ် အနိုင်ကျင့် စော်ကားခြင်း ခြိမ်းခြောက်ခြင်းများနှင့် အားပေး ထောက်ခံ သတင်းပေးနေခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ လုပ်ဆောင်နေသူမည်သူ့ကို မဆို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ် ၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကန်နှောင်ရွာနှင့် နွယ်ရုံရွာတို့မှ အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စဥ့်ကူးမြို့နယ်၊ ကန်နှောင်ရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီခန့်တွင် နွယ်ရုံရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ ပေါင်ကို ကျည်ထိမှန်ပြီး သေဆုံးခြင်း မရှိကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းက စဥ့်ကူးမြို့နယ် ကန်နှောင်ရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီး ပွဲချင်းပြီး သေသွားပါတယ်။ ဘယ်အဖွဲ့တွေက ပစ်တာလည်းဆိုတော့ မသိရသေးပါဘူး။ နောက်ပြီး နွယ်ရုံရွာက အုပ်ချုပ်ရေးမှူးလည်း ပစ်ခံရတယ် မွန်းလွဲ ၁၂ နာရီ ခွဲလောက်က အပစ်ခံရပါတယ် နွယ်ရုံရွာ အုပ်ကြီးက မသေဘူး ပေါင်ကို ကျည်မှန်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article