31 C
Yangon

ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ ခမရ ၅၅၂ နှင့် တောင်ဘဇာစခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံး

Must read

ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ ခမရ ၅၅၂ နှင့် တောင်ဘဇာစခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံး

ရန်ကုန်၊ ဧပြီ ၆

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်၊ ခမရ ၅၅၂ နှင့် တောင်ဘဇာစခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ စခန်းကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၅ ရက်၊ နံနက် ၈ နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီက ခမရ ၅၆၄ စခန်း မကျဆုံးစေရေး ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်ကို မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ ၅ ရက်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အရေအတွက် ၈၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ခမရ ၅၆၄ တပ်ရင်းဌာနချုပ် သိမ်းပိုက်ခဲ့သော တိုက်ပွဲအတွင်း စစ်သားအလောင်း များစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ မတ်လ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကိုလည်း ၃၂ ရက်အကြာတွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မတ်လ ၂၅ ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article