25 C
Yangon

ဝမ်းတွင်းမြို့နယ်မှ ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု မြို့နယ်မှူးအပါအဝင် ၄ ဦးလုံး သေဆုံး

Must read

ဝမ်းတွင်းမြို့နယ်မှ ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု မြို့နယ်မှူးအပါအဝင် ၄ ဦးလုံး သေဆုံး

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦး လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူး အပါအဝင် ၄ ဦးစလုံးသေဆုံးသွားကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၅ ရက် ည ၇ နာရီခန့်က ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာနှင့် ထနောင်ကုန်း ကျေးရွာ ကြား၌ အကြမ်းဖက် စစ်သားနှင့် ရဲများ လိုက်ပါလာသည့် ကားကို WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသည့် စခန်းမှူးအပါအဝင် ၄ ဦးစလုံးသေဆုံးပြီး ကားမှာ လုံး၀ပျက်စီးသွားကြောင်းသိရသည်။

“ကားပေါ်မှာက ရဲစခန်းက မြို့နယ်မှူးနဲ့ တခြား ၃ ဦးပါလာတာ၊ ကားပေါ်တဲ့ ၄ ဦးလုံးသေတယ်၊ ကားက ပင်းတလဲ -ဝမ်းတွင်းလမ်းပေါ် ပင်းတလဲဘက်ကနေ ဝမ်းတွင်းဘက်ကို ပြန်မောင်းလာတာ နတ်နန်းရွာအကျော် ထနောင်းကုန်းရွာ မရောက်ခင် ကိုင်လိုက်တာ၊ ကားကော၊ လူကော တစ်စစီပဲ၊ အခင်းဖြစ်တဲ့ဘက်ကို ဒရုန်းတွေဝဲနေတယ်၊ ဝမ်းတွင်းမြို့ပေါ်မှာလည်း အရေးပေါ်ကားတွေ ဆူညံ နေတယ်” ဟု Wundwin Township Revolution Force – WTRF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဓာတ်ပုံ- သေဆုံးသွားသော ဝမ်းတွင်းမြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article