33 C
Yangon

စစ်ကိုင်းမြို့နယ်တွင် တော်လှန်ရေးရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကျေးရွာ ၄ ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

စစ်ကိုင်းမြို့နယ်တွင် တော်လှန်ရေးရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကျေးရွာ ၄ ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကုန်းလမ်း၊ ရေလမ်း တို့ဖြင့် စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာ ၄ ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် စစ်ကြောင်းထိုးပြီး သဗြူးရွာမှ နေအိမ် ၂ လုံး၊ ပေါက်လှကျွန်းရွာမှ နေအိမ် ၂ လုံး၊ နောက်ကြည့်ကျွန်းရွာမှ နေအိမ် ၃ လုံးနှင့် ကဒက်ကျွန်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

“ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကိုင်းမြို့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ခွေးတွေက ကုန်း လမ်း၊ ရေလမ်းနဲ့ စစ်ကြောင်းထိုးပြီး သဗြူးရွာက နေအိမ် ၂ လုံး၊ ပေါက်လှကျွန်းရွာက နေအိမ် ၂ လုံး၊ နောက်ကြည့်ကျွန်းရွာက နေအိမ် ၃ လုံးနဲ့ ကဒက်ကျွန်းရွာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ကဒက်ရွာက နေအိမ် အရေအတွက်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်လှကျွန်းရွာကို ဝင်ရောက် စီးနင်းစဉ် ကျေးရွာ သုသာန်၌ တော်လှန်ရေး ရဲဘော် ၁ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့ဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article