25 C
Yangon

တာချီလိတ် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန တက်မည့် စစ်ခေါင်းဆောင် အတွက် အထူး လျှို့ဝှက် လုံခြုံရေး အစီအမံများ Khit Thit က ဖော်ပြပြီးနောက် မင်းအောင်လှိုင် နေပြည်တော် ပြန်ပြေး

Must read

တာချီလိတ် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန တက်မည့် စစ်ခေါင်းဆောင် အတွက် အထူး လျှို့ဝှက် လုံခြုံရေး အစီအမံများ Khit Thit က ဖော်ပြပြီးနောက် မင်းအောင်လှိုင် နေပြည်တော် ပြန်ပြေး

ရန်ကုန်၊ ဧပြီ ၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန တက်ရောက်မည့် စစ်ခေါင်းဆောင်အတွက် စီစဉ်ထားသည့် လျှို့ဝှက်လုံခြုံရေး အစီအမံများကို Khit Thit သတင်းဌာနက ဖော်ပြပြီးနောက် မင်းအောင်လှိုင်အနေဖြင့် လုံခြုံရေးစိုးရိမ်ရသဖြင့် ယမန်နေ့ ညနေပိုင်း နေပြည်တော် ပြန်ပြေးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မူလက ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နဂါးနှစ်ကောင် ဆရာ တော်၏ ဈာပနကို အကြမ်းဖက် မင်းအောင်လှိုင်က တာချီလိတ်တွင် ညအိပ်လာရောက် သဂြိုလ်ပွဲ အခမ်းအနား တက်ရောက်ရန် နှင့် အလောင်းထမ်း၍ မီးသဂြိုလ်ခြင်းများ ကိုယ်တိုင်ဆောင်ရွက်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် မင်းအောင်လှိုင်အတွက် လုံခြုံရေး အစီအမံများ Khit Thit သတင်းဌာနက အသေးစိတ်ဖော်ပြ ပေါက်ကြားသွားခဲ့သဖြင့် နေပြည်တော်သို့ ယမန်နေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် လှည့်ပြန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ သိထားတာက ဧပြီလ ၅ ရက်နေ့နဲ့ ဧပြီလ ၆ ရက်နေ့ ၂ ရက် တာချီလိတ်မှာ ညအိပ်မယ်လို့ သိထားတာ။ တည်းခိုဆောင်တွေလည်း ပြင်ထားပြီးသားပါ။ ဆရာတော်ဈာပန တက်ဖို့ပဲ။ လုံခြုံရေး အစီအမံတွေ ပေါက်ကြားသွားလို့ မနေ့က ညမအိပ်တော့ဘဲ ပြန်တာလို့သိရတယ်။ ဒီနေ့ ဈာပနပွဲကို နေပြည် တော်ကနေ တာချီလိတ်ကို လေယာဉ်နဲ့ နေ့ချင်းပြန် ပြန်လာချင်လည်း လာနိုင်ပါတယ်။ အဲဒါတော့ အတိအကျမသိရဘူး။ လုံခြုံရေး အစီအမံတွေ ပေါက်ကြားသွားလို့ အစီအစဉ်တွေ ကပြောင်းကပြန်တော့ အကုန်ဖြစ်ကုန်တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဧပြီလ ၅ ရက်နေ့ တာချီလိတ်တွင် အကြမ်း ဖက် မင်းအောင်လှိုင်အတွက် စီစဉ်ထားသည့် လုံခြုံရေးအင်အား၊ အဝင် အထွက် လမ်း ကြောင်းပြ မြေပုံများ၊ လျှို့ဝှက် လုံခြုံရေး အစီအမံ အသေး စိတ်ဇယားများကို မြေပုံများ၊ လုံခြုံရေးတာဝန်ယူရသည့် စစ်ကောင်စီတပ်ဖွဲ့အရာရှိများ၏ အမည်များ၊ ဖုန်းနံပါတ်များနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၄ ရက်နေ့ နေပြည်တော်တွင် ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏ လုံခြုံရေးအတွက် အထူးသတိထားနေကြောင်း၊ နေပြည်တော်တွင် လေကြောင်းရန် ကွန်ရက်နှင့် အင်အားအ ကောင်း ဆုံးသော Jammer များကို ဖြတ်ကျော်၍ ဒရုန်းများ ဝင်ရောက်လာသဖြင့် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းအကြား အကြီး အကျယ် ထိတ်လန့် တုန်လှုပ်သွားကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ တာချီလိတ်၊ နဂါးနှစ်ကောင်ဆရာတော်၏ ဈာပန အခမ်း အနားသို့ လာရောက်ပြီး နေပြည်တော်သို့ နေ့ချင်းပြန် ပြန်လည် ပြေးသွားသော အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article