36 C
Yangon

မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေဟု မြေပြင်သတင်းရင်းမြစ်များ ပြောဆို

Must read

မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေဟု မြေပြင်သတင်းရင်းမြစ်များ ပြောဆို

ရန်ကုန်၊ ဧပြီ ၆

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ညှိနှိုင်းပြီး လက်နက်ချဖို့လုပ်တာ ၄၀၀ လောက်ရှိတယ်။ အပြီးသတ် ညှိနှိုင်းမှုတွေ ဆက်လုပ်နေသေးတယ်။ အခုက တော့ တရားဝင်တော့ ဘာမှ ပြောလို့မရသေးဘူး။ နောက်ထပ်လည်း လက်နက်ချတဲ့သူတွေလည်း တိုးလာနေတယ်။ နောက်ထပ် ၂၀၀ လောက်တိုးလာတာလည်းရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် မြ၀တီမြို့ အခြေစိုက် ခလရ ၂၇၅ တပ်ရင်း လက်နက်ချနိုင်ရေးနှင့် အဆင်ပြေချောမွေ့စွာ ပြီး ဆုံးနိုင်ရေး နှစ်ဖက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်တချို့က အတည်ပြုသည်။

မြ၀တီမြို့တွင် မြန်မာဖုန်းလိုင်းများအားလုံး ပြတ်တောက်နေပြီး မိုဘိုင်းလ်ဖုန်း အင်တာနက်များလည်း ပြတ်တောက်လျက်ရှိကြောင်း၊ ထိုင်း Sim Card များကို အဓိက အသုံးပြုနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- သင်္ဃန်းညီနောင်ဗျူူဟာစစ်စခန်းနှင့် ခမရ ၃၅၇ တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article