33 C
Yangon

သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု KNLA ဗဟိုဌာနချုပ်က တရားဝင် ကြေညာ

Must read

သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု KNLA ဗဟိုဌာနချုပ်က တရားဝင် ကြေညာ

ရန်ကုန်၊ ဧပြီ ၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ စစ်​ကောင်စီ၏ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်လက်​အောက်ခံ သင်္ဃန်းညီ​နောင် စစ်ဗျူဟာအခြေချ စခန်းကို KNLA ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်ဦး​ဆောင်​သော​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။

ဧပြီလ ၅ ရက်​နေ့ နံနက် ၈ နာရီအချိန်ခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သင်္ဃန်းညီနောင် ဗျူဟာစခန်းကို အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ၁၂၂ လက် နက်ကြီး ၂ လက် ၊ ၁၂၀လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်များ ခဲယမ်းကျည်ပစ္စည်းများ​မြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article