25 C
Yangon

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးကျေးရွာနှင့် ကံဇီးပျူစောထီးကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF မှ သတင်းနှင့်ပြန် ကြားရေး တာ ဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၃ ရက် နံနက် ၁၁ နာရီအချိန်မှ ၁၂ နာရီအချိန်အထိ ချောင်းဦးမြို့နယ် ကံကြီးကုန်း ပျူစောထီး ကျေး ရွာကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး၊ ည ၇ နာရီခွဲခန့်မှ ၈ နာရီခန့်အထိ MULTI WINGS DRONE ဖြင့် AIR BOMB ၅ လုံး ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၃ ရက် ညနေ ၆ နာရီမှ ၇ နာရီခန့်အထိ ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးကျေးရွာ ကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၁၁ လုံး ကျဲ ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပျူစောထီးကျေးရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အ တွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦးအခြေအနေ စိုးရိမ်ရ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF ၊ စစ်ကိုင်း ခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE -UHF ၊ SHINING STARS နှင့် Meikhtila Special Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ – ဖီးနစ်ဒရုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းတစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပျူစောထီးကျေးရွာ #ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဖီးနစ်ဒရုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းတစ်စီး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article