25 C
Yangon

ဟုမ္မလင်းရှိ စစ်တပ်၊ ပျူစောထီး ပူးပေါင်း စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု လက်နက် ၁၀၀ ကျော် သိမ်း ဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးတို့ ပူးပေါင်းတပ်စွဲထား သော စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက် နက် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့မှ စတင်၍ ဧပြီလ ၇ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ အင် ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းရွာရှိ ခမရ ၃၆၉၊ ၃၇၀ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော် ဖြင့် အခြေပြုနေသော အကြမ်းဖက်စစ်တပ် စ ခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း ၄၊ တပ်ရင်း ၈၊ မော်လိုက်ခရိုင် တပ်ရင်း – ၁၊ ခန္တီးခရိုင် တပ်ရင်း – ၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ ၉ ရက်အကြာ တိုက်ခိုက်ခဲ့ရပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစခန်သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော လက် လုပ် သေနတ် အလက် ၂၀ အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ Drone Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ ၃၀ ချောင်းနှင့် တရုတ် စကားပြောစက် – TSSD ၁၆ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဟုမ္မလင်းရှိ စစ်တပ်၊ ပျူစောထီ#တိုက်ခိုက်သိမ်းပိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article