25 C
Yangon

ကျောက်ဆည်မြို့တွင် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦး လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်

Must read

ခလရ ၃၀၅ စစ်ကြောင်းမှ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ပြီး လည်လှီး သတ်ဖြတ်ခဲ့သောကြောင့် စစ်တပ်ကို စွန့်ခွာလာကြောင်း ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်လာကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားသည် ကျောက်ဆည်မြို့ အဆောင်တစ်ခုတွင် နေထိုင်ပြီး တက္ကသိုလ်တက်နေစဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က ၎င်းနေထိုင်ရာ အဆောင်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ၄ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီး ရွှေဘို၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခဲ့ကာ ခလရ ၃၀၅ တပ်ရင်းက ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးစဉ် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခလရ ၃၀၅ စစ်ကြောင်းသည် ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ်လ ၅ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်၌ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ် ခရီးသွား အမျိုးသမီး ၁ ဦးကို အမ္မ ပြုကျင့်ကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားသည် မတ်လ ၁၃ ရက်နေ့က ကောလင်းခရိုင် တပ်ရင်း ၁ ထံ အလင်းဝင်ရောက်ခဲ့ပြီး MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနှင့် နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်နေ့တွင် ကောလင်းခရိုင် တပ်ရင်း ၁ က ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှု #ကောလင်း PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article