25 C
Yangon

ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ပြီးနောက် စစ်တပ်က မြို့ကို ပိတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေး လုံခြုံ ရေးချ

Must read

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခြင်းဖြစ်ကြောင်း၊ မြနန္ဒာဟိုတယ်အနီးသို့ ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီက ယနေ့ တစ်နေ့လုံးပြင်ဦးလွင်မြို့ကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“လတ်တလော သိရတာက မြနန္ဒာဟိုတယ်အနီးကို ၃ လုံးကျရောက်ပေါက်ကွဲတယ်။ ထိခိုက်မှု အခြေအနေကတော့ စုံစမ်းပါပဲ။ ပြင်ဦးလွင် မြို့အဝင်၊ အထွက်တွေ အရမ်းကို စစ်တပ်က စစ်နေတယ်။ စစ်ဆေးတာ အရမ်းကြမ်းနေတယ်။ တချို့ မန္တလေးက တက်လာတဲ့ ကားတွေကို နောက်ပြန်လည့်ခိုင်းတယ်။ ” ဟု တော်လှ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြင်ဦးလွင်မြို့နယ်တွင် စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုသတင်းကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြင်ဦးလွင်စစ်တက္ကသိုလ်

ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article