25 C
Yangon

မကွေးမြို့ ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်လေ့ကျင့်ရေး သင်တန်း ကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်

Must read

ရန်ကုန်၊ ဧပြီ ၉

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့အခြေ စိုက် အမှတ် ၇ စစ် လေ့ကျင့်ရေး သင်တန်းကျောင်းတို့ကို ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများနိုင် ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SMPDF တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၇ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က မကွေးမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၂၅ ကို ပြည်သူ့ကာ ကွယ်ရေး ပူပေါင်း တပ်ဖွဲ့များမှ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

“ပစ်မှတ်ထိတယ်၊ အသေအပျောက်များတယ်လို့ ကနဦးသတင်းရထားပါတယ်၊ အတိအကျသိရဖို့ စုံစမ်းနေတုန်းပါ။ တောင်တွင်းကြီး အမှတ် ၇ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့အချိန်က နေရာမှာပဲ ၁၅ ကောင်သေတယ်၊ ဒီလ ၂ ရက်နေ့က ၁ ကောင်ထပ်သေတယ်၊ အားလုံးပေါင်း ၁၆ ကောင်သေပါတယ်” ဟု မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -SMPDF တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လွန်ခဲ့သည့် မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်က တောင်တွင်းကြီးမြို့အခြေစိုက် စစ်လေ့ကျင့်ရေး သင် တန်း ကျောင်း အမှတ် ၇ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများအနက် အ ကြမ်းဖက်စစ်သား တစ်ဦးမှာ ယခုဧပြီလ ၂ ရက်နေ့က ထပ်မံသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မကွေးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)မကွေးတောင်ပိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)မကွေးပျောက်ကြားတပ်ဖွဲ့ဒေါင်းစစ်သည် ပျောက်ကြားတပ်ဖွဲ့ (နတ်မောက်)မကွေးခရိုင် တပ်ရင်း ၂အထက် မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ယော ကာကွယ်ရေးတပ် (YDF) နှင့် Key of Revolution United States of Burma Army (USBA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မကွေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်နေရာများ၊ အကြမ်း ဖက် စစ်သား၊ ရဲ၊ ပျူစောထီးများ၊ ပျူစောထီးသင်တန်းတက်နေသူများနှင့် ပျူစောထီးသင်တန်းတက်ရန်အတင်း အဓမ္မ စာရင်းကောက်ခံနေသူများကို ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောင်တွင်းကြီးမြို့ #စစ်လေ့ကျင့်ရေးသင်တန်းကျောင်း #ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article